A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ချန်ပီယံဆု လီဗာပူးရနိုင်ဟု ဖာဂူဆန်ခန့်မှန်း

အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်းရသွားနိုင်တယ်လို့  မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။ လက်ရှိအမှတ်ပေးဇယား အဆင့် ၁နဲ့ ၂နေရာကို မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးတို့က တလှည့်စီ ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတာပါ။ ဒီအခြေအနေမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဧပြီလ ၂၄ ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေလို့  ချန်ပီယံဆုအတွက် အခက်အခဲရှိလာနိုင်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က တော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးအသင်းထံကနေ ရမှတ်တွေ ယူသွားနိုင်လို့ လီဗာပူးသာ ပရီးမီးယားလိဂ်ဖလားရမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန် နည်းပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိ အဆင့် ၆နေရာမှာ ရှိနေပြီး  လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေနဲ့ လက်ကျန်ပွဲစဉ်တွေကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဓာတ်ပုံ-DailyMail

A d v e r t i s e m e n t With Us

More News
Up