A d v e r t i s e m e n t With Us

ယင်းချောင်းတွင် သင်္ကြန်ရေကစားပြီး ပြန်လာသည့်ကားမှောက် လူ ၁၈ ဦးဒဏ်ရာရ

နတ်မောက်မြို့ ယင်းချောင်းထဲမှာ သင်္ကြန် ရေကစားပြီးပြန်လာတဲ့  ကားတစီး မနေ့ညနေ ၃နာရီခွဲလောက်က တိမ်းမှောက်ခဲ့လို့ လူ ၁၈ ဦးထိခိုက်ဒဏ်ရာရသွားပြီး  ၂ ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ မြို့မ ရဲစခန်းက သိရပါတယ်။ တောင်တွင်းကြီးမြို့နယ်၊  စစ်သားကျေးရွာနေသူ အမျိုးသား ၂၅ ဦးလောက် လိုက်ပါလာတဲ့ Faw ကားတစီးဟာ  ယင်းချောင်းထဲ သင်္ကြန်ရေကစားပြီးအပြန် ဘုန်းတော်ပြည့်ကျေးရွာအနီး နတ်မောက်-တောင်တွင်းကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ မိုင်၊ ၄ ဖာလုံ လမ်းအကွေ့မှာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်​။ ယာဉ်တိမ်မှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁၈ ဦး ထိခိုက်ဒဏ်ရာရလို့  ၁၆ ဦးကို နတ်မောက်ဆေးရုံကို ပို့ဆောင် ဆေးကုမှု ခံယူနေရကာ ၂ဦးကတော့ စိုးရိမ်ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေ​ရပါတယ်​။ ယင်းယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နတ်မောက်မြို့မရဲစခန်းက သိရပါတယ်​။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ​တောင်တွင်းကြီးမြို့နယ် ထောက်ကြံ့တွင်းကျေးရွာနေ ဖောကား ယာဉ်မောင်း ဝေယံ ၂၄ နှစ်ကို  နတ်မောက်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၀၂ တို့နဲ့ အမှုဖွင့် ထားပါတယ်​။ သတင်း - ကိုလင်း(​ချောက်​)၊ ဓာတ်ပုံ- ကျော်ဇေယျ

A d v e r t i s e m e n t With Us

More News
Up