Live
Home
မြန်မာသတင်း
‘၀’စစ်သည်အင်အား ၇၆၀၀ နှင့် အရပ်သား ၈၇၀၀ ခန့်  ချီတက်စစ်ရေးပြမည်
DVB
·
April 16, 2019
‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ မနက်ဖန် ကျင်းပမယ့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ်(၃၀)ပြည့်အခမ်းအနားမှာ စစ်သည်အင်အား ၇၆၀၀နဲ့  အရပ်သား ၈၇၀၀ လောက် ချီတက်စစ်ရေးပြကြမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်လက်နက်ပစ္စည်းတွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ ချီတက် အလေးပြုကြမှာဖြစ်ပြီး ဧည့်သည်တော် ၃၇၀၀ ၀န်းကျင်လည်း အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက် မနက်မှာ ကျင်းပမယ့် အခမ်းအနားကို တက်ရောက်ဖို့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ကိုယ်စားလှယ်တွေရောက်ရှိ နေကြပြီး အစိုးရ ကိုယ်စားလှယ်တွေကတော့ ကျိုင်းတုံမြို့က တဆင့် ရဟတ်ယာဉ်နဲ့ လာရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲက  ‘၀’ တပ်မှူးတွေက အာဏာသိမ်းပြီး ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ တပ်မတော်ကို တည်ထောင်ခဲ့ပါတယ်။ ဒီနောက်  န၀တ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ရာမှာ အခု၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ  ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်အခမ်းအနားကို ကျင်းပတာပါ။ အခုလို ငြိမ်းချမ်းရေး အခမ်းအနားကို ‘၀’ မြောက်ပိုင်း ပန်ဆန်းမှာ ကျင်းပနေသလို၊ ‘၀’ တောင်ပိုင်းဒေသက  ဟွေအောကျေးရွာမှာလဲ တပြိုင်နက်တည်း ကျင်းပနေပါတယ်။ ကိုဇက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024