Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် စိတ်ကြွဆေးပြားများဖမ်းမိ၊ လူ ၄ ဦးကို အမှုဖွင့်အရေးယူ
မြင့်နိုင်
·
April 16, 2019
57128346_1012731392250274_8374125533486645248_o
မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်​​နေ့က ပခုက္ကူမြို့မှာ  အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးကို မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။   ပခုက္ကူမြို့အမှတ်​ ၁၄ ရပ်​ကွက်​၊ နေအိမ်​တလုံးမှာ မူးယစ်​​ဆေး​ရောင်း ချ​နေ​ကြောင်း သတင်းအရ ပခုက္ကူခရိုင်​ ရဲတပ်​ဖွဲ့ဝင်​​တွေနဲ့ ပခုက္ကူမြို့မရဲစခန်း တာဝန်​ရှိသူ​တွေပူး​ပေါင်းပြီး ၀င်ရောက် ဖမ်းဆီးခဲ့ရာမှာ ပန်း​ရောင်​စိတ်​ကြွရူးသွပ်​​ဆေးပြား ၆၅၀၀ ပြားကိုတွေ့ရှိခဲ့ပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပက်​သက်ပြီး လူ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်​ကို​ပြောင်းလဲ​စေတတ်​​သောဥပ​ဒေ ပုဒ်​မ ၁၉ (က)၊  ၂၀ (က)၊ ၂၁ တို့နဲ့ ပခုက္ကူမြို့မရဲစခန်းမှာ အမှုဖွင့်အ​ရေးယူထားပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024