တရုတ်နိုင်ငံ တိုင်တိုင်းရင်းသားများ နှစ်ကူးအထိမ်းအမှတ် မီးပုံပျံလွှတ်ပွဲ ကျင်းပ

1.9K
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျင်းဟုန်မြို့က လန်ကန်းမြစ်ဘေးမှာ ဧပြီလ ၁၃ ရက်က ထောင်ချီတဲ့လူတွေ စုဝေးပြီး တိုင်တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှတ်ပွဲ ကျင်းပခဲ့ကြပါတယ်။
ဒိုင်တိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးပွဲတော်ဟာ တရုတ်နိုင်ငံရဲ့ ရေဘဘင်ပွဲတော်လို့ လူသိများပြီး ဆွန်ခရန်ပွဲတော်လို့လည်း ခေါ်ကြပါတယ်။
ဒေသခံတွေနဲ့ ခရီးသွားတွေဟာ ညနေပိုင်းအချိန်မှာ မီးပုံးတွေကို ကောင်းကင်ပေါ်ကို လွှတ်တင်ခဲ့ကြပါတယ်။
ကူမင်းမြို့ကလာတဲ့ ခရီးသွားတယောက်က “ မီးပုံပျံတွေ အများကြီး ကောင်းကင်ပေါ်မှာ ပျံနေရတာကို မြင်ရတာ အရမ်းခမ်းနားတာပဲ” လို့ ပြောပါတယ်။
အခုနှစ် ဆွန်ခရန်ပွဲတော်ကို ဒိုင်တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှီရွှမ်ဘန်းနားဒေသမှာ ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-AFP