ကမ္ဘာ့အကြီးဆုံး လေယာဉ် အမေရိကန်တွင် စမ်းသပ်ပျံသန်း

2.6K
ကမ္ဘာ့အကြီးဆုံး လေယာဉ်ဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် မိုဟာဗီ ကန္တာရကို ဖြတ်သန်းပြီး ဧပြီ ၁၃ ရက်က စမ်းသပ် ပျံသန်းခဲ့ပါတယ်။
ရော့ခ်လို့ နာမည်ပေးထားတဲ့ ဒီလေယာဉ်ရဲ့ တောင်ပံ နှစ်ဖက်ဟာ အမေရိကန် ဘောလုံးကွင်း တကွင်းစာလောက် ကျယ်ပါတယ်။
အင်ဂျင်၆လုံး တပ်ဆင်ထားတဲ့ ဒီလေယာဉ်ဟာ ဘေးကင်းကင်း ပြန်မဆင်းခင် ၂နာရီကျော်ကြာ ပျံသန်းခဲ့ပါတယ်။
အဲဒီနောက် မိုဟာဗီ လေကြောင်းနဲ့ အာကာသ စခန်းဆီကို ပြန်ဆင်းသက်ခဲ့တာမှာ ရာနဲ့ချီတဲ့ လူတွေက ကောင်းချီးပေးခဲ့ပါတယ်။
စထရာတို လောင့်ခ်ျ စစ်စတမ် ကော်ပိုရေးရှင်းက ကာဗွန် ကွန်ပိုဇစ် နည်းပညာသုံးပြီး အင်မတန် ခိုင်မာပေါ့ပါးတဲ့၊ ကာဗွန်အမျှင်တွေနဲ့ အားဖြည့် ထုတ်လုပ်ထားတဲ့ ပလတ်စတစ်နဲ့ ဒီလေယာဉ်ကို တည်ဆောက်ခဲ့တာပါ။
ဒီကော်ပိုရေးရှင်း ကိုတော့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ပေါလ်အယ်လန်က ပုဂ္ဂလိက အာကာသ ဈေးကွက်ကိုဝင်ဖို့ တည်ထောင်ခဲ့ပါတယ်။
ဒီလေယာဉ်ဟာ ပေါင်ငါးသိန်းထိ လေးတဲ့ အာကာသယာဉ်တွေနဲ့ ဒုံးကျည်တွေသယ်ပြီး အမြင့် ပေ ၃သောင်းခွဲမှာ ပျံနိုင်ပါတယ်။
စနေနေ့က စမ်းသပ်ပျံသန်းမှုမှာ တနာရီကို ၁၈၉ မိုင်ထိ အမြင့်ဆုံးနှုံးနဲ့ အမြင့်ပေ ၁၇၀၀၀ ထောင်မှာ ပျံသန်းခဲ့တယ်လို့ စထရာတိုလောင့်ခ်ျက ပြောပါတယ်။
ဓာတ်ပုံ Credit: Gene Blevins/LA Daily News