မန်စီးတီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ဂိုးဖြင့် အနိုင်ရ -ရုပ်သံ

1.3K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၅ မိနစ်မှာ တိုက်စစ်မှူး စတာလင်းက သွင်းယူခဲ့သလို ဒုတိယဂိုးကိုလည်း တိုက်စစ်မှူး စတာလင်းကပဲ ၆၃ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်တဲ့ တိုက်စစ်မှူး စတာလင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
ခရစ်စတယ်ပဲလေ့စ်အတွက် ချေပဂိုး ၁ဂိုးကို ၈၁ မိနစ်မှာ မီလီဘိုဂျီဗစ်က သွင်းယူပါတယ်။ မန်စီးတီးအတွက် အပိတ်ဂိုးကို မိနစ် ၉၀ မှာ တိုက်စစ်မှူး ဂျီးဆက်က သွင်းယူပါတယ်။
အဝေးကွင်းဖြစ်ပေမယ့်လည်း မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက တပွဲလျော့ ကစားထားပြီး ၈၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ လီဗာပူးရဲ့နောက်မှာ ရပ်တည်နေပါတယ်။