လီဗာပူးက ချဲလ်ဆီးကို (၂-၀)ဂိုးဖြင့်အနိုင်ရပြီး အမှတ်ပေးဇယားကိုဦးဆောင် – (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးက ချဲလ်ဆီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ၅၁ မိနစ်မှာ မာနေးက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ ၅၃ မိနစ်မှာ တိုက်စစ်မှူး ဆာလက်က သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ဂိုးပေါက် ကန်သွင်းခွင့် ၇ ကြိမ်အထိ ရခဲ့ပြီး ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ရုန်းကန် ကစားသွားခဲ့ရပါတယ်။ လီဗာပူးအတွက် ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး ဆာလက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲနိုင်လို့ လီဗာပူးက ၈၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ချဲလ်ဆီးကတော့ ၆၆ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။

More News
Up