ၾသစေၾတးလ် နိုက်ကလပ်တခုတွင် ပစ်ခတ်မှုဖြစ်၊ ၁ ဦးသေ အများအပြားဒဏ်ရာရ

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က နိုက်ကလပ်တခုရဲ့ အပြင်ဘက်မှာ သေနတ်နဲ့ပစ်ပြီး ကားနဲ့ မောင်းပြေးတဲ့ ဖြစ်ရပ်အတွင်း လူတယောက်သေပြီး လူအတော်များများ ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ဧပြီ၁၄ရက်မှာ ပြောပါတယ်။ လုံခြုံရေး အစောင့် ၃ ယောက် အပါအဝင် လူလေးယောက်ကို သေနတ်ဒဏ်ရာတွေကြောင့် ဆေးရုံကို တင်ခေါ်သွားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လုံခြုံရေး အစောင့်တဦး သေဆုံးပြီး နောက်တဦးက အသည်းအသန် အခြေအနေမှာ ရှိနေပြီး ကျန်တဲ့ ၂ ယောက်ကတော့ အသက် အန္တရာယ် မစိုးရိမ်ရပါဘူး။ ပစ်ခတ်သူတွေ ဘယ်သူဆိုတာလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဓာတ်ပုံ- itv

More News
Up