A d v e r t i s e m e n t With Us

ရုရှားမြောက်ပိုင်းပစ်ခတ်မှုအတွင်း အိုင်အက်စ်အကြမ်းဖက် ၂ ဦးသေဆုံး

ရုရှားနိုင်ငံမြောက်ပိုင်း၊ ဆိုက်ဘေးရီးယား ပြည်နယ်၊ တူမဲန်မြို့ထဲမှာ ဖယ်ဒရယ်လုံခြုံရေးတပ်ဖွဲ့ (FSB)ရဲ့ စီးနင်းမှုအတွင်း ပစ်ခတ်မှု ဖြစ်အပြီး အစ္စလာမစ် နိုင်ငံ အမည်ခံ အိုင်အက်စ် အဖွဲ့ဝင်လို့ သံသယရှိသူ  ၂ ဦး သေဆုံးသွားပါတယ်။ စီးနင်းတိုက်ခိုက်တဲ့ လမ်းတွေတလျှောက် လုံခြုံရေး ယူထားပုံ ရုပ်သံဗီဒီယိုကို ရုရှားအမျိုးသား အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကော်မတီက ဧပြီ ၁၃ မှာ ဖြန့်ချိခဲ့ပါတယ်။ အဆိုပါမြို့က နေအိမ် တအိမ်ထဲမှာ အိုင်အက်စ် အဖွဲ့ဝင်လို့ သံသယရှိသူ ၂ ယောက် ပုန်းနေတယ်လို့ FSBက ဧပြီ ၁၂ ရက်မှာ သတင်းရခဲ့ပြီး စီးနင်းခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ရုရှားနိုင်ငံထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ အရ သိရတယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ-TASS- Moscow Times

A d v e r t i s e m e n t With Us

More News
Up