ဆိုမာလီလုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်၍ ဆန္ဒပြ အရပ်သား အနည်းဆုံး ၆ ဦးသေဆုံး

1.1K
ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးမှာ ပစ်ခတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြနေတဲ့ သုံးဘီးကား မောင်းသမားတယောက်၊ ခရီးသည် တယောက်နဲ့ တခြားလူ လေးယောက်ကို လုံခြုံရေး တပ်တွေက ဧပြီ ၁၃ ရက်မှာ ပစ်သတ်လိုက်တယ်လို့ မျက်မြင်သက်သေတွေနဲ့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေက ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့သလို ကားတာယာတွေကိုလည်း မီးရှို့ခဲ့တာကြောင့် လမ်းတွေထဲမှာ မီးခိုးနက်တွေ ပြည့်နေပါတယ်။
ရဲတွေက လူ၂ယောက်ကို ပစ်သတ်ခဲ့ပြီး ဆန္ဒပြပွဲအပြီးမှာ ရဲတွေက လူ နောက်ထပ် ၃ ယောက်ကို ထပ်ပစ်သတ် ခဲ့တယ်လို့ လွှတ်တော်အမတ် မာဟဒ် ဆာလဒ်က ပြောပါတယ်။
သူ့သူငယ်ချင်းတယောက် ပစ်ခတ်ခံရအပြီးမှာ ဆန္ဒပြပွဲ စခဲ့တာလို့ သုံးဘီးကား မောင်းသူ အာဒန် မိုဟမ်မဒ်က ပြောပါတယ်။
သူငယ်ချင်းနဲ့ သူ့ဦးလေးတို့ သုံးဘီးကားမောင်းနေတုန်း ရဲတွေက တမင်သက်သက် ပစ်ခတ်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။
ဆန္ဒပြသူတွေက မြို့လယ်က သမ္မတ နန်းတော်ကိုဝင်ချင်ခဲ့ပြီး ရဲတပ်ဖွဲ့က သူတို့ကို ပစ်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။
ဓာတ်ပုံ- AFP