လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ဆက်လက်ဖြစ်ပွားနေ

1.6K
လစ်ဗျားနိုင်ငံမှာ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ GNA အစိုးရရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖှ်တာရဲ့ လစ်ဗျား အမျိုးသား စစ်တပ် LNA တပ်တွေအကြား နိုင်ငံတောင်ပိုင်းက အိန်ဆာရာ မြို့ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
GNA တိုက်ခိုက်ရေးသမားတွေက ဘုရားသခင်က ကြီးမြတ်တယ်လို့ ဟစ်ကြွေးရင်း LNA တပ်တွေကို စက်သေနတ်တွေနဲ့ ပစ်ခတ်နေကြပါတယ်။
ဧပြီ ၁၂ ရက်က တိုက်ပွဲအတွင်း အရပ်သား ၁၇ယောက်နဲ့ တိုက်ခိုက်ရေးသမား အများစု အပါအဝင် လူ ၇၅ယောက် သေဆုံးပြီး ၃၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လူအယောက် ၁၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ပဋိပက္ခကြောင့် ရေနံဖြန့်ဖြူးမှု အနှောက်အယှက် ဖြစ်ခဲ့ပြီး ဥရောပဆီ ရွှေ့ပြောင်းနေထိုင်မှု တိုးလာမယ့် ဘေးကို ရင်ဆိုင်နေရပါတယ်။
အစ္စလာမစ် စစ်သွေးကြွတွေက လစ်ဗျားနိုင်ငံရဲ့ ဗရမ်းဗတာ အခြေအနေကို အခွင့်အရေး ယူမှာကိုလဲ စိုးရိမ်နေကြပါတယ်။
လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီကို သူ့ဗိုလ်ချုပ်ကြီးဟောင်း ဟဲ့ဖှ်တာက တော်လှန်အပြီး သူ့တပ်ကို နိုင်ငံအရှေ့ပိုင်းက ရေနံကြွယ်ဝတဲ့ ကန္တာရဆီ ဒီနှစ် အစောပိုင်းက ရွှေ့ခဲ့တာပါ။ အဲဒီနောက် ဧပြီ အစောပိုင်းမှာ မြို့တော် ထရီပိုလီဆီကို ထိုးစစ်ဆင်ခဲ့ပါတယ်။
ဓာတ်ပုံ- ရိုက်တာ