Home
မြန်မာသတင်း
မန္တလေးသင်္ကြန်အကြိုနေ့ ယာဉ်မတော်တဆမှုဖြင့် လူ ၃ ဦးသေဆုံး
ပိုင်စိုး
·
April 14, 2019
မန္တလေးမြို့မှာ အခုနှစ်သင်္ကြန်အကြိုနေ့က ကားမတော်တဆမှုနဲ့ လူ ၃ ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရပြီး   ခိုက်ရန်ဖြစ်ပွားလို့ လူ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မန္တလေးဆေးရုံကြီးကို ရောက်လာတဲ့စာရင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး  သင်္ကြန်တွင်းထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ ဆေးရုံကြီးကို ရောက်လာတဲ့ ထိခိုက်ဒဏ်ရာလူနာ ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က သင်္ကြန်ကာလ လည်ပတ်တဲ့ကားတွေကို နေရာ ၂၀ လောက်မှာ အထူးပိတ်ဆို့ရှာဖွေနေပြီး မနေ့က အကြိုနေ့မှာ အရက်နဲ့ ဘီယာပုလင်း ၁၀၀၊ ဓား ၁ လက်၊ မျက်နှာဖုံး ၈၂ ခု၊ တုတ် ၇ ချောင်း၊ ကျောက်လှည့် (ဝက်အူလှည့်) ၆၄ ချောင်း၊ ကတ်ကြေး ၈ လက်၊ သံချောင်း ၃ ချောင်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့မှုခင်းတွေအနေနဲ့ လက်နက်မှု ၅ မှုအပါအဝင် အမှုပေါင်း ၁၀ မှု ရှိပြီး သင်္ကြန်နဲ့ မပတ်သက်တဲ့ မှုခင်းတွေထဲမှာ လူသတ်မှုကြောင့် တယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မှာတော့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ခိုက်ရန်ဖြစ်လို့ ဒဏ်ရာရသူတွေ အများဆုံးရောက်လာပြီး  သင်္ကြန်အကြိုနေ့ကနေ အကျနေ့ မနက် ၆ နာရီအထိ လူနာ အယောက် ၁၅၀ နီးပါး ရောက်လာပေမယ့် အသက်သေဆုံးတာမရှိဘူးလို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024