လန်ဒန်မြို့တွင် ယူကရိန်းသံအမတ်၏ ကားကို အမျိုးသားတဦးက ကားဖြင့်ဝင်တိုက်

1.2K
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က ယူကရိန်း သံရုံးအပြင်ဘက်မှာ လူမပါဘဲ ရပ်ထားတဲ့ သံအမတ်ကြီးရဲ့ ကားကို အမျိုးသားတဦးက သူ့ရဲ့ကားနဲ့ ဧပြီ ၁၃ ရက်က ဝင်တိုက်ခဲ့ပါတယ်။
ရဲတွေက အဲဒီလူကို ပစ်ခတ်ပြီး ဖမ်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ မရှိခဲ့သလို ဒီဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် မသတ်မှတ်ခဲ့ဘူးလို့လည်း ရဲက ကြေညာချက်ထုတ်ပြန် ပါတယ်။
ယူကရိန်းသံရုံးကတော့ သံအမတ်ကြီးသုံးဖို့ တရားဝင် သတ်မှတ်ထားပြီး အဆောက်အဦရှေ့မှာ ရပ်ထားတဲ့ ကားကို တမင်သက်သက် ဝင်တိုက်တာ ခံခဲ့ရတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
လမ်းပေါ်က ကားအတော်များများကို ကားတစီးက ဝင်တိုက်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို စနေမနက် ဆယ်နာရီလောက်က ရခဲ့တယ်လို့ လည်း လန်ဒန်ရဲတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အခါ ရဲအရာရှိတွေဆီကို ကားတစီးက မောင်းဝင်လာခဲ့တာကြောင့် ရဲတွေက ပစ်ခတ်ခဲ့ပြီး ကားကို ရပ်ခဲ့ကြတယ်။ အဲဒီနောက် အသက် ၄၀ ကျော် အရွယ် အမျိုးသား တယောက်ကို ဖမ်းခဲ့တယ်လို့ ရဲတွေက ကြေညာချက် ထဲမှာ ပြောပါတယ်။
ကားနဲ့တိုက်ခဲ့သူကိုတော့ ဆေးရုံကိုခေါ်ဆောင် စစ်ဆေးခဲ့ပြီး ဒဏ်ရာမရခဲ့ဘူး လို့လည်း ရဲတွေက ပြောပါတယ်။
ဓာတ်ပုံ- ရိုက်တာ