ထိုင်းနှစ်သစ်ကူး ဆွန်ခရန်ပွဲတော် ဘန်ကောက်မြို့တွင် ကျင်းပ

ထိုင်းနှစ်သစ်ကူး ဆွန်ခရန်ပွဲတော် မြို့တော် ဘန်ကောက် အပါအ၀င် နိုင်ငံတ၀န်းမှာ  စည်စည်ကားကားကျင်းပခဲ့ပြီး ထိုင်းပြည်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ရေသဘင်ပွဲ ဆင်နွှဲသူတွေဟာ ရေသေနတ်ကိုယ်စီနဲ့ တယောက်ကိုတယောက် ရေဖြန်းပက်ပြီး  နှစ်သစ်ကူးပွဲကို ဆင်နွှဲနေကြတာပါ။ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း  ထိုင်းဘုရင်သစ် နန်းတက်ပွဲရှိတာမို့ ပြင်ဆင်မှုတွေ လုပ်နေတဲ့အတွက်  ဒီနှစ် ဘန်ကောက် ဆွန်ခရန်ပွဲဟာ ခါတိုင်းနှစ်တွေလောက် မခမ်းနားမကြီးကျယ်ပါဘူး။ ဒါပေမယ့်လည်း ပွဲတော်ဆင်နွှဲသူတွေကတော့ ရေသေနတ်တွေ ၀ယ်ယူပြီး ရေကစားကြတာမို့ ဘန်ကောက်လမ်းမတွေဟာ ခါတိုင်းလို  ရေတွေနဲ့ နစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအများစုရှိတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အပါအ၀င် အရှေ့တောင် အာရှနိုင်ငံတွေ မှာလည်း နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ရေသဘင်ပွဲတော် ဆင်နွှဲကြ တယ်လို့ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ- Central World

More News
Up