Home
မြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ပြည်သူ့ပါတီရေကစားမဏ္ဍပ်တွင် ဖျော်ဖြေ
DVB
·
April 14, 2019
သင်္ကြန်သံချပ်နဲ့  ပတ်သက်လို့ ဆင်ဆာ မတင်တာဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုက ပေးထားတဲ့ချစ်စရာကောင်းတဲ့ ဓလေ့ကို တန်ဖိုးထားလို့ ဆင်ဆာ မတင်တာဖြစ်တယ်လို့  ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုဇေယျာလှိုင်က ပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေနဲ့ မြန်မာ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လွှတ်တော်တွင်း အခြေအနေတွေကို သရုပ်ဖော်တဲ့စာသားတွေနဲ့ သံချပ်စပ်ဆိုပြီး  သင်္ကြန်ကာလ ရန်ကုန်မှာ လှည့်လည် ဖျော်ဖြေနေတာပါ။ အခုနှစ် သင်္ကြန်ကာလအတွင်း သံချပ်ထိုးမယ့်အဖွဲ့တွေကို ရန်ကုန်တိုင်းဒေသကြီး  အစိုးရက ဆင်ဆာတင်ဖို့ ညွှန်ကြားထားပြီး ဆင်ဆာခွင့်ပြုချက် မတင်ရင် မြို့တော်က ခွင့်ပြုထားတဲ့ သင်္ကြန်မဏ္ဍပ်စင်တွေပေါ်မှာ တက်ရောက်ဖျော်ဖြေခွင့်မရှိဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် အိုးဝေသံချပ်အဖွဲ့ အနေနဲ့လည်း သံချပ်စာသားတွေကို ဆင်ဆာမတင်တဲ့ အကြောင်းနဲ့  လူတဦးတယောက်ရဲ့ လွတ်လပ်ခွင့်ကိုထိပါးတဲ့ သဘောမျိုးဖြစ်နေတဲ့ အတွက် ဆင်ဆာမတင်တာလို့ အိုးဝေသံချပ်အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။ ပြည့်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း စာနယ်ဇင်းတွေ စာပေစိစစ်ရေးကနေ လွတ်လပ်ခွင့်ရနေတဲ့အချိန်မှာ သံချပ်ကို ဆင်ဆာလုပ်တာ မူအရ သဘောမတူ၊ လက်မခံဘူးလို့ ပြောပါတယ်။ သင်္ကြန်သံချပ်တွေဟာ တိုင်းပြည်မှာ လိုအပ်ချက်ရှိတာတွေကို ထောက်ပြတာ၊ မီးမောင်းထိုးတာနဲ့  ပြည်သူတွေဘ၀ကို အမောပြေအောင် ဖော်ျဖြေပေးပါတယ်။ သံချပ်တွေဟာ နိုင်ငံရေးအခြေအနေတွေနဲ့ တနှစ်ပတ်လုံးမှာ လွတ်လွတ်လပ်လပ်ပြောဆိုလို့ရတဲ့ ဟစ်တိုင်သ ဖွယ်ဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကတော့  ရန်ကုန် မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စု လမ်းမပေါ်က ပြည်သူ့ပါတီရေကစားမဏ္ဍပ်မှာ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုးရာယဉ်ကျေးမှု တွေနဲ့ သက်ဆိုင်တဲ့ သံချပ်တွေနဲ့ သင်္ကြန်အကြိုနေ့မှာ ကပြဖျော်ဖြေခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ဒဂုံတက္ကသိုလ်နှစ် အဆက်အဆက် ကျောင်းသား သမဂ္ဂတွေက ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး  သံချပ်အဖွဲ့ရဲ့ သက်တမ်း ၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024