“အာနိုးအားကစားပွဲတော်” ဘရားဇီးနိုင်ငံတွင်ကျင်းပ

Arnold Schwarzenegger, former California governor and seven-time Mr. Olympia has brought his health and fitness crusade to Sao Paul, launching the Brazilian edition of his Arnold Sports Festival. Rough cut - no reporter narration.
852
နာမည်ကြီးဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ကာယဗလမောင်ဟောင်း တဦးဖြစ်တဲ့ အာနိုးရွှာဇန်နက်ဂါဟာ ဧပြီလ ၁၂ ရက်က ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာကျင်းပတဲ့ “အာနိုး အားကစားပွဲတော်”ကို တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်
ဒီပွဲတော်ဟာ ၁၉၈၉ ခုနှစ်က ကာယဗ လမောင်ပြိုင်ပွဲအဖြစ် စတင်ခဲ့တဲ့ Arnold Classic ကနေ စတင် သန္ဓေတည်ခဲ့တာပါ။
အဲဒီပွဲတော်မှာ အားကစားနည်း အမျိုးမျိုးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး ကစားနည်းတွေကို ထည့်သွင်းပြသထားပါတယ်။ ပွဲစီစဉ်သူတွေပြောကြားချက်အရ ဒီပွဲတော်ဟာ ထောင်နဲ့ချီတဲ့ အားကစားသမားတွေရဲ့ စွမ်းရည်တွေကို ပွဲထုတ်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲတော်မှာ အလေးမ၊ စက်ဘီးစီး၊ ကြိုးခုန်နဲ့ သိုင်းပြိုင်ပွဲ စတဲ့ အားကစားပြိုင်ပွဲ အမျိုးမျိုးအပြင် ကုန်စည်ပြပွဲနဲ့ အားကစားစွမ်းရည် တင်ဆက်ပြ သတာတွေ ပါဝင်ပါတယ်။
“အာနိုးအား ကစားပွဲတော်” ကို ဧပြီလ ၁၂ ရက်ကနေ ၁၄ ရက် အထိ ကျင်းပသွားမယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
ဓာတ်ပုံ- Townsvillebulletin