Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် တရက်တည်း မီးလောင်မှု ၂ခု ဖြစ်ပွား
DVB
·
April 13, 2019
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ဧပြီလ ၁၃ရက်က မွေရွာနဲ့  ပျော်ဘွယ်လေးရွာ ရွာ၂ရွာမှာ မီးလောင်ပြီး အဆောက်အဦ ၄ လုံး ဆုံးရှုံးသွားတယ်လို့ မိတ္ထီလာ ခရိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မွေရွာနေ ဦးမောင်ဌေးရဲ့ နေအိမ် မီးဖို မီးကျန်ကနေ ထရံကို မီးကူးစက် လောင်ခဲ့ရာ လူနေအိမ် ၁ လုံးနဲ့  နွားစာတဲ ၁ လုံးတို့ မီးလောင်သွားပါတယ်လို့ ခရိုင်မီးသတ်ဦးစီးမှူးက ပြောပါတယ်။ “ခန့်မှန်းတန်ဖိုး ကျပ် ၉၇၀၀၀ လောက် သတ်မှတ်ထားတယ်။  ကလေးလူကြီး ၄ဦးကို အခြားအဆောက်အဦးမှာပဲ နေရာချထားပေးတယ်။ တခြား ထိခိုက်မှု မရှိပါဘူး” လို့  ပြောပါတယ်။ ဒီမနက်မှာပဲ ပျော်ဘွယ်လေးရွာနေ ဒေါ်ခင်ကြိုင်က ဟင်းချက်ဖို့ ဆီးအိုးတည်ရာက ဆီကိုမီးလောင်ပြီး ထရံကို မီးကူးလောင်ခဲ့ရာ လူနေ ၂ ထပ်အိမ် ၁ လုံး၊ မီးဖိုတဲ ၁ လုံး မီးလောင်သွားပါတယ်။ ခရိုင်မီးသတ်ဦးစီးက “မီးသတ်ကား ၈ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရံ ၄၇ ဦးနဲ့ မီးငြှိမ်းပေးတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ ကလေး လူကြီး ၃ ဦးကို ဘုန်းကြီးကျောင်းမှာပဲ ထားပေးခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုး ၅၄၀၀၀ လို့ ခန်မှန်းထားတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ မွေရွာနေ ဦးမောင်ဌေးနဲ့ ပျော်ဘွယ်လေးရွာနေ ဒေါ်ခင်ကြိုင်တို့ ကို မီးပေါ့ဆလို့ မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့  အမှု ဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024