ဘရာဇီးတွင် အဆောက်အဦ ၂ လုံးပြိုကျ၊ လူ ၃ ဦးထက်မနည်းသေဆုံး

1.7K
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဧပြီလ ၁၂ ရက်က လိုင်စင်မဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦ နှစ်လုံးပြိုကျတာကြောင့် လူ ၃ ယောက်ထက် မနည်းသေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီ အဆောက်အဦတွေမှာ မိသားစု ၄ စုထက် မနည်း နေထိုင်ပြီး အရေအတွက် အတိအကျမသိတဲ့ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီလ ၁၂ ရက်က အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ ရဟတ်ယာဉ်ကို သုံးပြီး ပြိုကျအဆောက်အဦးထဲက အသက်ရှင်သူ တဦးကို ကယ်ဆယ်ခဲ့ပါတယ်။
အဲဒီ အဆောက်အဦး နှစ်လုံးဟာ ဆောက်လုပ်ရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီဘဲ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားတယ်လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။
ရီယိုဒီဂျနေးရိုးမြို့အတွင်း စံချိန်တင်မိုးကြီးပြီး ရက်ပိုင်းအကြာမှာ အဆောက်အဦးနှစ်လုံး ပြိုကျခဲ့တာဖြစ်တယ်လို့ ရိုက်တာ သတင်း ကဆိုပါတယ်။