Home
မြန်မာသတင်း
မန္တလေး နန်းမြို့ရိုး၊ ကျုံး အပန်း​ဖြေ​လျှောက်လမ်း ဖွင့်လှစ်
DVB
·
April 13, 2019
မန္တလေးမြို့ ၆၆ လမ်း၊ နန်းမြို့ရိုးနဲ့ ကျုံးအ​ရှေ့ဘက်​ ပလပ်ဖောင်းမှာကို အဆင့်မြှင့်တင်ပြီး အပန်း​ဖြေ လျောက်​လမ်းအဖြစ်​ ဒီကနေ့ ဧပြီ ၁၃ ရက်မှာ မန္တ​လေးတိုင်း​ဒေသကြီး ၀န်ကြီးချုပ် ​ဒေါက်​တာ​ဇော်​မြင်​​မောင်​က ဖွင့်​လှစ်​​ပေးလိုက် ပါတယ်။ “နန်း​တော်​ရယ်​၊ မြို့ရိုးရယ်​၊ ကျုံးရယ်​ဟာ ပြည်​သူ​တွေပိုင်​တာပါ။ ကျနော်တို့ မစောင့်ရှောက်ရင် ဘယ်​သူ​တွေ​ စောင့်​​ရှောက်​မလဲ။ ကျ​နော်​တို့ ရည်​မှန်းချက်​ကိုက ၂၀၃၀ မှာ မန္တ​လေးမြို့ကြီးဟာ သန့်​ရှင်းရမယ်​၊ သပ်ရပ်ရမယ်၊ ခေတ်မီရမယ်၊ နိုင်​ငံ တကာနဲ့ မပြိုင်​နိုင်​​တောင်​ အာဆီယံမှာ မန္တ​လေးမြို့ဟာ  သန့်ရှင်းသပ်​ရပ်​ပြီး ခေတ်​မှီတဲ့ မြို့တမြို့ ဖြစ်အောင် ကျနော်တို့ ဝိုင်းပြီးလုပ်​ကြမယ်​။ ဘယ်​​နေရာမှာမဆို ပြည်​သူမပါဘဲနဲ့မရဘူး”လို့ မန္တ​လေး တိုင်းဝန်​ကြီးချုပ်​​ ဒေါက်​တာဖော်မြင့်မောင်က အပန်း​ဖြေ​ လျောက်​လမ်း ဖွင့်ပွဲမှာ ပြောပါတယ်။ အဆင့်မြှင့်တင်ရာမှာ သင်္ဂဟ​ဖောင်​​ဒေးရှင်းက​ နန်းမြို့ရိုးကျုံးအ​ရှေ့ဘက်​ ၆၆လမ်းကို အပန်း​ဖြေ​လျှောက်လမ်းအတွက် အခြေခံကွန်ကရစ်လောင်းကာ အပူဒဏ်ခံနိုင်တဲ့ ကြွေပြားတွေခင်းပြီး​ အောင်​မြင်ခဲ့တာကြောင့် မန္တလေးမြို့တော်ဝန် ဦးရဲလွင်​ထံကို လွှဲ​ပြောင်း​ ပေးအပ်​ခဲ့ပါတယ်​။ ၆၆ လမ်း ကျုံးအရှေ့ဘက်မှာ ပြုလုပ်ထားတဲ့ ပလက်ဖောင်းဒီဇိုင်းနဲ့ ပတ်သက်​ပြီး ပြည်သူတွေထံက​နေ ဆန္ဒသဘောထား ကောက်ယူပြီးရရှိလာတဲ့ ဆန္ဒသဘောထားအတိုင်း စတီးကြိုးအကာရံနဲ့ တပ်ဆင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024