အမေရိကန် ရပ်တည်ချက်ပြောင်းရန် မြောက်ကိုရီးယား ခေါင်းဆောင်တိုက်တွန်း

1.2K
အမေရိကန်ဟာ ရပ်တည်ချက်ပြောင်းရမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောလိုက်ပြီး အဲဒီအတွက် အမေရိကန်ကို အချိန်သတ်မှတ်ပေးလိုက်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဧပြီလ ၁၃ ရက်မှာ ကြေညာပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်က ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားတာဟာ အတိတ်က တင်းမာမှုတွေ ပြန်ဖြစ်မယ့် အန္တရာယ်တွေ ရှိပေမယ်လို့ အမေရိကန်မှာ မှန်ကန်တဲ့ သဘောထားရှိရင် သူ့အနေနဲ့ သမ္မတ ထရမ့်နဲ့ ထပ်မံတွေ့ဆုံဖို့ စိတ်ဝင်စားပါတယ်ဆိုပြီး ပြောခဲ့တာပါ။
သမ္မတ ထရမ့်နဲ့ ခေါင်းဆောင် ကင်မ်တို့ဟာ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့ပေမယ့် နှစ်နိုင်ငံအကြား သဘောတူညီချက် မရခဲ့ပါဘူး။
ဧပြီလ ၁၁ ရက်က သမ္မတ ထရမ့်ဟာ ကင်မ်နဲ့ ထပ်မံတွေ့ဆုံဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့လည်း ဟနွိုင်းဆွေးနွေးပွဲ ရလဒ်ဟာ မနှစ်က ချမှတ်ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွါးရေးတိုးတက်မှု မဟာဗျူဟာအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေတယ်လို့ ခေါင်းဆောင်ကင်မ်က ပြောပါတယ်။
ဓာတ်ပုံ- အေပီ