ရန်ကုန်မြို့တွင်း ၉ မြို့နယ် ဖိုင်ဘာ အင်တာနက်လိုင်း စတင်ရောင်းချ
DVB
·
October 24, 2012
Fortune International ကုမ္ပဏီဟာ ရန်ကုန်မြို့တွင်း ၉ မြို့နယ်ကို FTTx ခေါ် ဖိုင်ဘာကြိုးသွယ် အင်တာနက်လိုင်းတွေ စတင်ရောင်းချနေပြီဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်းနဲ့ ရန်ကင်း စတဲ့ ၉ မြို့နယ်အတွင်း နေထိုင်ရုံးခန်းဖွင့်သူတွေ တပ်ဆင်နိုင်မည်ဖြစ်ပြီး ကနဦးတပ်ဆင်ခ ကျပ် ၇ သိန်းခွဲ၊ နှစ်စဉ်ကြေး ၆ သောင်း စုစုပေါင်း ကျပ် ၈ သိန်း ၁ သောင်း ဖြစ်ပါတယ်။
လစဉ်ကြေးအဖြစ် 512 kbps အတွက် ကျပ် ၄ သောင်းခွဲ၊ လုပ်ငန်းသုံး 2 mbps အတွက် ကျပ် ၁ သိန်း ၂ သောင်း သတ်မှတ်ထားပါတယ်။ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားတဲ့ စာရင်းတွေ အရ မြန်မာတနိုင်ငံလုံးမှာ ဖိုင်ဘာကေဘယ်လိုင်းသွယ် အင်တာနက်တပ်ဆင်ထားတာ ၁၅၈ လိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။