အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း၌ အင်အားပြင်းငလျင်လှုပ် ဒေသခံများထွက်ပြေးတိမ်းရှောင်

1.2K
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဧပြီလ ၁၂ ရက် ညနေပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အားပြင်း ငလျင် လှုပ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
သတိပေးချက်ထုတ်ပြန်ပြီး မိနစ် ၄၀ အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ဒေသေခံ တွေကို သတိဝီရိယရှိဖို့နဲ့ ကုန်းမြင့်ဒေသတွေကို ပြောင်း ရွှေ့ဖို့ နှိုးဆော်ခဲ့ပါတယ်။
မြေငလျင်ဟာ ဂိုရွန်တာလိုပြည်နယ် တောင်ပိုင်း ကီလိုမီတာ ၂၈၀ အကွာ မြေ အောက်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခဲ့ပြီး လူအသေအပျောက်နဲ့ အပျက်အစီးသတင်းကို ချက်ချင်း မသိရ သေးပါဘူး။
မနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဆယ်စုနှစ် တခုကျော်အတွင်း လူအသေ အပျောက် အများဆုံး သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံခဲ့ရပါတယ်။
ဆူလာဝေဆီကျွန်းအလယ်ပိုင်း ပါလူမြို့မှာ မြေငလျင်တွေ လှုပ်ပြီး ဆူနာမီ ရေလှိုင်း နှစ်ကြိမ် ဖြစ်ခဲ့တဲ့အတွက် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ-NDTV