အန်ဖီးလ်ရဲ့သံမဏိ လီဗာပူး ဂန္ထ၀င်ကစားသမား တော်မီစမစ် ကွယ်လွန်

1.4K
လီဗာပူးတိုက်စစ်မှူးဟောင်း ဂန္ထ၀င်ကစားသမား တော်မီစမစ်ဟာ မနေ့က အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
စမစ်ဟာ လီဗာပူးအသင်း အတွက် ၁၉၆၀ ကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ၁၈နှစ်ကြာ ကစားပေးခဲ့သူဖြစ်ပါတယ်။
သူဟာ လီဗာပူးနဲ့အတူ အမှတ်ပေးဖလား ၄ ကြိမ်နဲ့ဥရောပဖလား ၁ကြိမ်ရရှိခဲ့ဖူးပါတယ်။ လီဗာပူးအသင်း ဥရောပဖလားကို ပထမဆုံးရရှိခဲ့တဲ့ ၁၉၇၇ ခုနှစ်မှာ စမစ်ဟာ ဖိုင်နယ်ပွဲတလျောက် ခြေစွမ်းပြပြီး အနိုင်ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
အသင်းအတွက် ၆၃၈ ပွဲထိကစားပေးပြီး ၁၉၇၈ခုနှစ်မှာ လော့စ်အိန်ဂျလိစ်အက်ဇ်တက်နဲ့ ဆွမ်ဆီးအသင်းတို့ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။
အန်ဖီးလ်ရဲ့သံမဏိလို့ နာမည်ပြောင်ပေးခံရတဲ့စမစ်ကို အသင်းက ဝမ်းနည်းကြောင်း ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။
ဓာတ်ပုံ- Action Images /CNA