အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲအတွက် အုပ်စု ပွဲစဉ်များ မဲခွဲ

1K
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်တွေမဲခွဲရာမှာ မော်ရိုကို၊ အိုင်ဗရီကိုစ့်၊ တောင်အာဖရိကနဲ့ နမ်ဘီယာတို့ဟာ တအုပ်စုတည်းကျရောက်ခဲ့တာကြောင့် အုပ်စု ဒီ ဟာ အကျပ်ဆုံးအုပ်စု ဖြစ်ခဲ့ပါတယ်။
လီဗာပူး တိုက်စစ်မှူး ဆာလက်ရဲ့အီဂျစ်အသင်းကတော့ အုပ်စု အေ မှာ ကွန်ဂို၊ယူဂန်ဒါ၊ ဇင်ဘာဘွေတို့နဲ့ ကျရောက်ခဲ့ပြီး အုပ်စုချောင်နေပါတယ်။
အုပ်စုဘီက အသင်းတွေကတော့ ခြေစွမ်းသိပ်မကွာလှတာကြောင့် မထင်မှတ်ပဲ ခက်ခဲနိုင်တယ်လို့ သုံးသပ်နေကြပြီး နိုင်ဂျီးရီယားနဲ့အတူ ဂါနီယာ၊ မာဒါစကာနဲ့ ဘူရွန်ဒီတို့ထဲက တသင်းတက်ရောက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အုပ်စုစီမှာတော့ နာမည်ကြီး ဆီနီဂေါ၊ အဲလ်ဂျီးရီးယား၊ ကင်ညာနဲ့ တန်ဇန်နီးယားတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု အီးမှာတော့ တူနီးရှား၊ မာလီ၊ မော်လ်တာနီးယားနဲ့ အန်ဂိုလာတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကိုတော့ ဇွန်၂၁ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး မြို့ကြီး ၄ မြို့ရဲ့ ကွင်း ၆ ကွင်းမှာ ကျင်းပ မှာဖြစ်ပါတယ်။
ဓာတ်ပုံ- Africa Cup