အသားအရောင်ခွဲခြားသည့် လုပ်ရပ် စိတ်မကောင်းဖြစ်ဟု အော်ဘာမီယန်ပြော

1.1K
အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်က အင်္ဂလိပ်ဘောလုံးလောကရဲ့ အသားအရောင်ခွဲခြားတဲ့ လုပ်ရပ်ကို စိတ်မကောင်းဖြစ်မိ တယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာ နာပိုလီအသင်းကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး အခုလိုပြောကြားလိုက်တာပါ။
အဲဒီပွဲစဉ်မှာ နာပိုလီခံစစ်မှူး ကိုလီဘာလီကို ပရိတ်သတ်က အသား အရောင်ခွဲခြားဆက်ဆံတာတွေ လုပ်တာဖြစ်ပြီး အော်ဘာမီယန်က သူအနေနဲ့လည်း ပြီးခဲ့ စပါးနဲ့လမ်ဒန်ဒါဘီပွဲစဉ်မှာ အလားတူ ပြဿနနဲ့ ကြုံခဲ့ကြောင်းပြန်လည်ပြောပြခဲ့ပါတယ်။
အော်ဘာမီယန်ဟာ ငှက်ပျောသီးနဲ့ပစ်ပေါက်ခံခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်နေပြီး အင်္ဂလိပ်ဘောလုံးလောကအနေနဲ့ ဒီလုပ်ရပ်တွေကို တိုက်ထုတ်ပစ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-The Times