ဘိုးရင်း 737 MAX လေယာဉ်သုံးစွဲသူများ ဆော့ဖ်ဝဲလ်ပြင်ဆင်မှု စမ်းသပ်စစ်ဆေး

1.3K
ဘိုးရင်း 737 MAX လေယာဉ်သုံးစွဲသူ အယောက် ၅၀ ကျော်ထဲက အများစုဟာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ပြင်ဆင်မှုကို အသွင်တု စမ်းသပ်မှုတွေမှာ စစ်ဆေးခဲ့ပြီး လာမယ့်သီတင်းပတ်တွေမှာ နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ကုမ္ပဏီ စီအီးအို ဒန်းနစ်မာလင်ဘာ့ဂ်က ဧပြီ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒါးလက်စ်မြို့မှာ ပြုလုပ်တဲ့ ခေါင်းဆောင်မှုဖိုရမ်အတွင်း စီးအီးအို မာလင်ဘာ့ဂ်က ဘိုးရင်းကုမ္ပဏီ ဝန်ထမ်းအဖွဲ့ဟာ အသစ်မွမ်းမံထားတဲ့ ဆော့ဖ်ဝဲလ်နဲ့ စုစုပေါင်း လေကြောင်းပျံသန်းချိန် ၁၅၉ နာရီအတွင်း ၉၆ ကြိမ် စမ်းသပ်ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
ဘိုးရင်းဟာ လိုအပ်ချက်အားလုံးကို ဖော်ထုတ်ပြီး အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်မွမ်းမံထားတယ် ဆိုတာကို ဆက်လက်သရုပ်ပြသွားမယ်လို့လည်း မာလင်ဘာ့ဂ်က ပြောပါတယ်။
၅ လအတွင်း ဘိုးရင်းကုမ္ပဏီပိုင် 737 MAX လေယာဉ်နှစ်စင်း ပျက်ကျပြီးနောက် ကုမ္ပဏီဟာ ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ဖို့ ဖိအားပေးခံနေရပါတယ်။