ပါကစ္စတန် ဈေးတခုတွင် ဗုံးပေါက်ကွဲ၊ လူ ၁၆ ဦးထက်မနည်း သေဆုံး

1.3K
ပါကစ္စတန်နိုင်ငံ ဈေးတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူ ထက်ဝက်လောက်က ဟာဇာရာ မျိုးနွယ်စုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ပြောပါတယ်။
နိုင်ငံအနောက်တောင်ဘက် ကွစ်တာမြို့စွန်က သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဈေးတခုက အာလူးအိတ်တွေကြားထဲမှာ ဖွက်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် လူအယောက် ၃၀ လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဟာဇာရာမျိုးနွယ်စုတွေဟာ အရင်ကလည်း တာလီဘန်နဲ့ အိုင်အက်စ် စစ်သွေးကြွတွေအပြင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အခြေစိုက် ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့တွေရဲ့ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်က ဟာဇာရာ မျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသမှာ သီးခြားဗုံးခွဲတိုက်ခိုက်မှု ၃ ခုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။