A d v e r t i s e m e n t With Us

အစ္စရေးအာကာသယာဉ် လမျက်နှာပြင်ပေါ် ဆင်းရန် ကြိုးစားစဉ် ပျက်ကျ

ဓာတ်ပုံ - Reuters
အစ္စရေး အာကာသယာဉ် ဘယ်ရာရှိ (Beresheet) ဟာ နည်းပညာချို့ယွင်းမှုကြောင့် ဧပြီ ၁၁ ရက်နေ့က လပေါ် ပျက်ကျခဲ့ပါတယ်။ ဒီအတွက် သမိုင်းဝင် လကမ္ဘာပေါ်ကို ထိန်းချုပ်ဆင်းသက်မယ့် မျှော်လင့်ချက်တွေ ပျက်စီးခဲ့ပါတယ်။ အဲဒီ မောင်းသူမဲ့ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ချိန် ၂၁ မိနစ်အတွင်း စက်ပိုင်းနဲ့ ဆက်သွယ်ရေး ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။ ဟီဘရူးဘာသာစကားနဲ့ ဘယ်ရာရှိလို့ အမည်ပေးထားတဲ့ အာကာသယာဉ်ဟာ ကမ္ဘာဂြိုဟ်နားက ဂြိုဟ်ပတ်လမ်းတွေမှာ သီတင်း ၇ ပတ်ကြာ လှည့်ပတ်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီ ၁၀ ရက်နေ့မှာ လမျက်နှာပြင်နဲ့ အနီးဆုံး ဂြိုဟ်ပတ်လမ်းထဲကို ဝင်ရောက်ခဲ့ပါတယ်။  အဲဒီဂြိုဟ်ပတ်လမ်းဟာ လမျက်နှာပြင်နဲ့ အနီးဆုံးနေရာမှာ ၁၀ မိုင်ကျော် ကွာဝေးပါတယ်။ ဒါပေမယ့် လပေါ်ကို ဆင်းသက်မယ့်အချိန်မှာပဲ အာကာသယာဉ်ဟာ ပျက်ကျသွားခဲ့တာပါ။ အခုချိန်အထိ လပေါ်ကို အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ် သုံးနိုင်ငံသာ  အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး အစ္စရေးက စတုတ္ထမြောက် ဆင်းသက်ဖို့ကြိုးစားတဲ့နိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up