A d v e r t i s e m e n t With Us

ဖိလစ်ပိုင်နှင့် အမေရိကန် ကုန်း၊ ရေ နှစ်သွယ် စစ်ရေးလေ့ကျင့်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ မြောက်ပိုင်းမှာ ဧပြီ ၁၁ ရက်နေ့က ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်သားတွေ ပူးပေါင်းပြီး ကုန်း၊ ရေ နှစ်သွယ် စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်-အမေရိကန် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းပါ။ အမေရိကန် တိုက်ခိုက်ရေးရေယာဉ် USS Wasp နဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတစီး ပေါ်ကနေ ဆင်းလာတဲ့ ကုန်း၊ ရေ နှစ်သွယ်သုံး ယာဉ်တွေပေါ်မှာ စစ်သားတွေ လိုက်ပါလာပြီး ရန်သူ့နယ်မြေကို သိမ်းပိုက်တဲ့ စစ်ဆင်ရေးပုံစံမျိုး လေ့ကျင့်ခဲ့ကြတာပါ။ အခုအပတ် အစောပိုင်းက တောင်တရုတ်ပင်လယ်ပြင်ထဲက အငြင်းပွားဖွယ် ကျွန်းတကျွန်းနားမှာ USS Wasp တိုက်သင်္ဘောကို တွေ့ရတယ်ဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းချက်ကို အမေရိကန်စစ်တပ်ရဲ့ ပြောခွင့်ရ တိုရီရှာပီက မဖြေခဲ့ပါဘူး။ ဒါပေမယ့် အဲဒီ တိုက်သင်္ဘောဟာ ဒေသတွင်းတည်ငြိမ်ရေး အထောက်အကူပြုတဲ့ ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုထဲမှာ ပါဝင်လှုပ်ရှားတာလို့ သူက ပြောပါတယ်။ ဖိလစ်ပိုင်က ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုနားမှာ တရုတ်သင်္ဘောတွေ ရောက်လာတာကြောင့် မကြာသေးခင်က တင်းမာမှုတွေ မြင့်တက်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up