A d v e r t i s e m e n t With Us

အေဂျက်ကွင်းလယ်လူ ဒီဂျောင်ကို ဂျူဗင်တပ်နည်းပြ ချီးကျူး

အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ ထိန်းချုပ်ရခက်ခဲတဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ချီးကျူးလိုက်ပါတယ်။ ဒီဂျောင်ဟာ ပြိုင်ပွဲတခုလုံးရဲ့ အဓိကအရင်းအမြစ်ဖြစ်ခဲ့ပြီး သူတို့အသင်းရဲ့ ကစားသမား ဘန်တန်ကာအနေနဲ့ မထိန်းနိုင်ခဲ့ကြောင်း ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အယ်လီဂရီက ပြောကြားလိုက်တာပါ။ အေဂျက်အသင်းဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်အသင်းကို အကောင်းဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ခံစစ်ပိုင်း ကောင်းမွန်မှုကြောင့်သာ ဂိုးတွေမပေးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၄ ပွဲစလုံး ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့လို့ ပရိသတ်တွေကတော့ ဝမ်းသာနေကြပါတယ်။ ဂျူဗင်တပ်အသင်းဟာ အဝေးဂိုးရရှိထားတဲ့အပြင် ဒုတိယအကျော့အဖြစ် တူရင်မြို့မှာ လက်ခံကစားရမှာဖြစ်လို့ အေဂျက်အသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အလေးသာနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up