A d v e r t i s e m e n t With Us

သေနတ်ကိုင်ဆောင်ခွင့် ဥပဒေ ပြောင်းလဲရန် နယူးဇီလန်လွှတ်တော်တွင် မဲခွဲ

ဓာတ်ပုံ - Reuters
နယူးဇီလန်နိုင်ငံက ခရိုက်ချက်မြို့ ဗလီနှစ်ခု သေနတ်ပစ်ခတ်မှုအပြီး တလအကြာမှာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ပြောင်းလဲဖို့ နယူးဇီလန်လွှတ်တော်မှာ ဧပြီ ၁၀ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဥပဒေကြမ်းဟာ လွှတ်တော်မှာ နောက်ဆုံးအကြိမ် ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၁၁၉ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ အနိုင်ရခဲ့ပါတယ်။ တရားဝင်ဥပဒေအဖြစ် မထုတ်ပြန်မီ နယူးဇီလန်ဘုရင်ခံချုပ်ရဲ့ ခွင့်ပြုချက်ရဖို့ လိုအပ်ပါတယ်။ "ဘယ်လိုလက်နက်တွေက ဒီလိုသေကျေပျက်စီးတာတွေ လုပ်နိုင်တာလဲ၊ ဒါတွေက တရားဝင် ဝယ်လို့ရနိုင်သလားဆိုတာ နားမလည်နိုင်ဘူး" လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။ မတ်လ ၁၅ ရက်ေန့က ခရိုက်ချက်မြို့ ဗလီနှစ်ခုကို သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်လို့ လူအယောက် ၅၀ သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ လူဖြူကြီးစိုးရေးဝါဒီဖြစ်တဲ့ သံသယရှိသူ အသက် ၂၈ နှစ်အရွယ် ဘရန်တွန် တောရန့်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူ့ကို ဇွန်လမှာ ရုံးတင်စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up