မွန် ၂ ပါတီ ပေါင်းစည်းရန် လက်မှတ်ရေးထိုး

633
မွန်ရဟန်းသံဃာနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုချက်ကြောင့် လက်ရှိ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ၂၀၁၅ မတိုင်ခင် တပါတီတည်းအဖြစ် ပေါင်းစည်းဖို့ လက်မှတ်ရေးထိုးခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက အတည်ပြု ပြောဆိုပါတယ်။
သဘောတူညီချက်ထဲမှာ မွန် ၂ ပါတီ ၂၀၁၄ ဒီဇင်ဘာ မတိုင်မီ တပါတီတည်း ပူးပေါင်းဖို့၊ ပါတီ နာမည်အသစ် ဆွေးနွေးဖို့၊ အဲဒီမတိုင်ခင် လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ တလ တကြိမ် တွေ့ဆုံဖို့ စတာတွေ ပါဝင်ပါတယ်။
ပါတီ ၂ ခုလုံးက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ ရည်မှန်းချက်ချင်းတူတဲ့အတွက် တပါတီတည်း ပေါင်းစည်းရေး အဆင်ပြေသွားမယ်လို့ သူက ရှင်းပြပါတယ်။