A d v e r t i s e m e n t With Us

ပစိဖိတ်သမုဒ္ဒရာပေါ် ပျံသန်းစဉ် ပျောက်ဆုံးသွားသည့် ဂျပန်တိုက်လေယာဉ် အပျက်အစီးများ ရှာတွေ့

ဂျပန်နိုင်ငံမြောက်ပိုင်း ပစိဖိတ်သမုဒ္ဒရာပေါ်မှာ ဧပြီ ၉ ရက်နေ့က ပျံသန်းလာရင်း ပျောက်ဆုံးသွားတဲ့ ဂျပန်တိုက်လေယာဉ်တစီးရဲ့ အပျက်အစီးတွေကို ရှာတွေ့ပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်နေ့မှာ ပြောပါတယ်။ လော့ဟိဒ်မာတင် F-35 စတဲ့လ် အမျိုးအစား တယောက်စီး တိုက်လေယာဉ်ဟာ မီဆာဝါ လေတပ်အခြေစိုက်စခန်း အရှေ့ဘက် ၈၄ မိုင် အကွာအဝေးမှာ ပျံသန်းနေရင်း ရေဒါထဲကနေ ပျောက်သွားခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီး တာ့ခဲရှီ အိဝါ့ယာ့က သတင်းထောက်တွေကို ပြောပါတယ်။ F-35 လေယာဉ်ဟာ ထောက်လှမ်းရခက်တဲ့ stealth ဂျက်လေယာဉ်အမျိုးအစားပါ။ တရုတ်နိုင်ငံရဲ့ စစ်အင်အား ကြီးမားလာချိန်မှာ ဂျပန်လေတပ် အဆင့်မြှင့်တင်ရေးအတွက် F-35 လေယာဉ် ၈၇ စီးဝယ်ဖို့ ဂျပန်အစိုးရက စီစဉ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ မီဆာဝါ လေတပ်အခြေစိုက်စခန်းမှာ ဂျပန်နိုင်ငံရဲ့ ပထဆုံး F-35 စစ်လေယာဉ်အုပ် ပေါ်ပေါက်လာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up