ထိုင်ဝမ်အမျိုးသမီးတဦး၏ မျက်လုံးထဲမှ ပျားအရှင်လေးကောင် ဖယ်ထုတ် (ရုပ်သံ)
Published By
DVB | 11 April, 2019
1.5K
0
Share
0
Comment
0
Likes
ထိုင်ဝမ်အမျိုးသမီးတဦးရဲ့ မျက်လုံးထဲကနေ ပျားအရှင်လေးကောင်ကို ဖယ်ထုတ်ခဲ့ရတယ်လို့ ဖူးယင်တက္ကသိုလ်ဆေးရုံက ဆရာဝန်တဦးက ဧပြီ ၃ ရက်နေ့မှာ ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ တရုတ်ရိုးရာအရ နှစ်စဉ် လုပ်ဆောင်လေ့ရှိတဲ့ အုတ်ဂူသန့်ရှင်းရေး ပွဲတော်ရာသီအတွင်း သူ့ရဲ့ ဘိုးဘေးတွေရဲ့ အုတ်ဂူတွေဆီကနေ ပြန်လာပြီး မျက်လုံးနာလာလို့ ဆေးရုံကို လာပြခဲ့တာပါ။
လူနာအမျိုးသမီးရဲ့ မျက်လုံးထဲမှာ ပျားလေးကောင် တွေ့လိုက်တဲ့အခါ တော်တော်လေး အံအားသင့်ခဲ့ရတယ်လို့ အဲဒီဆရာဝန်က ပြောပါတယ်။
နောက်ဆုံးမှာ အဲဒီပျားတွေကို ဖယ်ထုတ်ပေးခဲ့ပြီး လူနာမျက်လုံးရဲ့ ဗဟိုအာရုံကြောစနစ်ကို မထိခိုက်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။