လူစုလူဝေး ပြုလုပ်ခဲ့သည့် ဂျူဗင်တပ်ပရိသတ် ၁၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

2K
အေဂျက်အသင်းနဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် အပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ ပရိသတ် ၁၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ဂျူဗင်တပ်အသင်းကို အားပေးတဲ့ အီတလီပရိသတ် ၁၂၀ ကျော်ဟာ ဓားနဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ဝက်အူလှည့်၊ တုတ်ချောင်းတွေကို သယ်ဆောင်လာခဲ့ပြီး ဘောလုံးကွင်းအနီးနားမှာ ကြီးမားတဲ့ လူအစုအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်ရဲတပ်ဖွဲ့ဟာ အဲဒီလူစုလူဝေးကို ဖြိုခွင်းဖို့အတွက် မီးသတ်ပိုက်တွေ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။
အီတလီ ဒုတိယဝန်ကြီးချုပ်ကတော့ ဘောလုံးဟာ လှပကြောင်း၊ အားကစားဆိုတာလည်း လှပတာကြောင့် ပရိသတ်တွေ အနေနဲ့လည်း သန့်သန့်ရှင်းရှင်းနဲ့ အားပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။