A d v e r t i s e m e n t With Us

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်သူများကို ပြင်းပြင်းထန်ထန် ထိုးနှက်ရမည်ဟု ကင်ဂျုံအန်း ပြော

ဓာတ်ပုံ - EPA-EFE
မြောက်ကိုရီးယားအပေါ် အရေးယူ ဒဏ်ခတ်သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ရမယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်းက ဧပြီ ၁၀ ရက်နေ့မှာ ပြောလိုက်ပြီး အဲဒီ ပြောကြားချက်ကို နိုင်ငံပိုင် ကေအာတီ သတင်းဌာနက ဧပြီ ၁၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားကို အရေးယူဒဏ်ခတ်ပြီး အစိုးရပြုတ်ကျအောင် ဆုံးဖြတ်တဲ့ ရန်သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ရမယ်လို့ ပြောခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ ကိုယ်ပိုင်စွမ်းအား၊ နည်းပညာနဲ့ ရင်းမြစ်တွေပေါ်မှာ အခြေခံပြီး နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်အဆောက်အအုံကို အဆင့်မြှင့်တင်ရမယ်လို့လည်း ကင်ဂျုံအန်းက ပြောခဲ့ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလက ပျက်ပြားသွားတဲ့ ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ရပ်တည်ချက်ကို ကင်က ပထမဆုံးအကြိမ် ပြောလိုက်တာပါ။ နောက်ပြီး ဒါဟာ မနှစ် ဧပြီမှာ ဦးစားပေးကိစ္စအဖြစ် တရားဝင်ကြေညာထားတဲ့ ဗျူဟာမြောက် လမ်းညွှန်ချက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အာရုံစိုက်မှာကို အချက်ပြလိုက်တာလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up