Home
မြန်မာသတင်း
မြိတ်မြို့တွင် မဏ္ဍပ်ပေါင်း ၃၀ ကျော်ဖြင့် မဟာသင်္ကြန်ပွဲတော်ဆင်နွှဲမည်
DVB
·
April 11, 2019
57009001_1575175929293187_8885373130160209920_o
56927162_1575176389293141_1331299205876023296_o
56711038_1575176242626489_3351730295261888512_o
အခုနှစ် မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မဏ္ဍပ်ပေါင်း ၃၀ ကျော်တည်ဆောက်ပြီး ရေသဘင်ပွဲတော် ဆင်နွှဲမှာ ဖြစ်ပါတယ်။ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဆုပေးမဏ္ဍပ်ကြီးတွေ အပါအ၀င် ရေကစားမဏ္ဍပ် ပေါင်း ၃၀ ကျော်နဲ့ ဆင်နွှဲမှာဖြစ်သလို လွန်ခဲ့တဲ့ ၇ နှစ်လောက်က မတည်ဆောက်ဖြစ်ခဲ့တဲ့ မြိတ်တောင်နယ်မြေမဏ္ဍပ်ကိုလည်း အခုနှစ်မှာ ပြန်လည်တည်ဆောက်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲမှာပါ။ မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က "မြိတ်တောင်နယ်မြေမှာ သင်္ကြန်မဏ္ဍပ် မရှိတာ ၇ နှစ်လောက်ရှိပါပြီ။ နယ်မြေလူဦးရေ ၃၀၀၀၀ ကျော်ပျော်ရွင်စွာရေ ကစားနိုင်ဖို့ ဒီနှစ်မှာ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပထမ ရည်ရွယ်ထားတာက လမ်းလျောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ငွေကြေးအခြေအနေအရ မလုပ်နိုင်ခဲ့ဘူး။ လာမယ့်နှစ်မှာတော့ ထည့်သွင်း ပြုလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။”လို့ ပြောပါတယ်။ ပိတောက်ရွှေစင် ဆုပေးမဏ္ဍပ်မှာ  အဖွဲ့ ၁၉ ဖွဲ့လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမ ၃သိန်း၊ ဒုတိယ ၂ သိန်း၊တတိယ ၁ သိန်း၊ နှစ်သိမ့်ဆုကျပ် ၃ သောင်းစီ ချီးမြှင့်ပေးမှာပါ။  ဒါ့အပြင် ရပ်ကွက် ၂၀ က ယိမ်း အဖွဲ့ ၁၆ ဖွဲ့လည်းပါဝင်ဖျော်ဖြေကြဖို့ ရှိပါတယ်။ ဗဟိုမဏ္ဍပ်အပါအ၀င် ဆုပေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်ပေါင်း ၃၀ ကျော်ရှိမှာဖြစ်ကာ ကမ်းနားလမ်းမှာ မဏ္ဍပ်တချို့တည်ဆောက်တော့မှာ မဟုတ်ဘူးလို့ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။ "ဆုပေးမဏ္ဍပ်တွေ အပါအ၀င်ရေကစားမဏ္ဍပ်အကြီး အသေး ၃၀ ကျော်ရှိမယ်။ ကမ်းနားလမ်းမှာ အရင်နှစ်တွေကပြုလုပ်ခဲ့တဲ့ Sea View မဏ္ဍပ် လည်း ဒီနှစ်တည်ဆောက် ဖြစ်တော့မှာ မဟုတ်ပါဘူး။ လမ်းလျှောက်သင်္ကြန်ကိုတော့ ဦးမြတ်လေး လမ်းကနေ ဘုရားကိုင် အထိလုပ်ဖို့ ရည်ရွယ်ထားပေမယ့် ငွေကြေးအခြေအနေအရ ဒီနှစ်မှာမလုပ် ဖြစ်တော့ပါဘူး" မြိတ်မြို့နယ်ရဲတပ်ဖွဲ့ကလည်း သင်္ကြန်ပွဲတော်အတွင်း လုံခြုံစိတ်ချစွာရေး ကစားနိုင်ဖို့ အတွက် လမ်းဆုံ လမ်းခွတွေမှာ ခုရက်ပိုင်းကတည်းက စတင် ပိတ်ဆို့ စစ်ဆေးနေပါတယ်။ သင်္ကြန်ကာလမှာလည်း လူစည်ကားတဲ့နေရာတွေ၊ မြို့ဝင်ဂိတ်တွေမှာ တုတ်ဓား လက်နက်ကိုင်ဆောင်လာ ခြင်းရှိမရှိ၊ မျက်နှာဖုံးတွေ ယူဆောင်လာခြင်း ရှိမရှိစစ်ဆေး ဆောင်ရွက်သွားမယ်လို့  မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအေးမင်းက ပြောပါတယ်။ သတင်း- မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024