A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ကွာတား ပကျော့ အေဂျက် ၁ – ၁ ဂျူဗင်တပ် (ရုပ်သံ)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အေဂျက်နဲ့ ဂျူဗင်တပ်တို့ မနေ့က ယှဉ်ပြိုင်ရာ တဖက်တဂိုးစီ သရေကျသွားပါတယ်။ အိမ်ရှင် အေဂျက်အသင်းက တိုက်စစ်မှူး တာဒစ်၊ ဒီဂျောင်၊ နီရက်စ်၊ ဘလိုင်း စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့သလို ဂျူဗင်တပ်ကလည်း ရော်နယ်ဒို၊ မန်ဇူကစ်၊ ဘာနာဒက်ရှီ၊ မာတွီဒီ၊ ပီဂျာနစ်၊ ဘိုနူချီတို့နဲ့ လူစုံ ပါဝင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ဧည့်သည်အသင်းက ရသွားတာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ အိမ်ရှင် အေဂျက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။ အေဂျက်အတွက် ချေပဂိုးကိုတော့ ဒုတိယပိုင်း ပြန်စစချင်းမှာပဲ ကွင်းလယ်လူ နီရက်စ်က လှလှပပ ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အေဂျက်အတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ နီရက်စ်ကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ်သင်း ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမယ့် ဧပြီ ၁၇ ရက်နေ့ ဂျူဗင်တပ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up