A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ကွာတား ပထမအကျော့ပွဲစဉ် မန်ချက်စတာယူနိုက်တက် ၀ – ၁ ဘာစီလိုနာ (ရုပ်သံ)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို မနေ့က ဆက်လက်ယှဉ်ပြိုင်ရာ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ပွဲမှာတော့ ဘာစီလိုနာက တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မန်ယူအသင်းက တိုက်စစ်မှာ လူကာကူ၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ပွဲထွက်လာပြီး ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ ဒါလော့၊ မက်တွမ်မီနေးတို့ ဝန်းရံကာ ခံစစ်မှာတော့ စမောလင်း၊ လုခ်ရှော၊ ယန်း၊ လင်ဒီလော့ဖ်တို့ကို အသုံးပြုခဲ့ပြီး ဂိုးသမားအဖြစ် ဒီဂီယာက တာဝန်ယူခဲ့ပါတယ်။ ဧည့်သည် ဘာစီလိုနာအသင်းကလည်း မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟို၊ အယ်ဘာ၊ ရာကီတစ်၊ ဘတ်ကွက်စ်တို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ ကစားဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ပွဲကို ထိန်းကစားသွားပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သလို ထိထိရောက်ရောက် ကန်သွင်းခွင့်လည်း မရခဲ့ပါဘူး။ ဘာစီိလိုနာအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၁၂ မိနစ်မှာ ဆွာရက်ဇ်ရဲ့ ခေါင်းတိုက်ချက် မန်ယူနောက်ခံလူ လုခ်ရှောနဲ့ထိပြီး ဂိုးဝင်သွားရာက ရရှိသွားပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် မန်ယူကွင်းလယ်လူ မက်တွမ်မီနေးကို သတ်မှတ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ အနိုင်ရတဲ့အတွက် နောက်တဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပြီး ဒီနှစ်သင်း ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဧပြီ ၁၇ ရက်နေ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up