A d v e r t i s e m e n t With Us

သန်လျင်မြို့တွင် အမှိုက်ပုံထဲက ပိုင်ရှင်မဲ့ ကျည်ဆန်တောင့်များတွေ့ရှိ  

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ မနေ့ညနေပိုင်းက အမှိုက်ပုံကနေ ကျည်ဆန်အတောင့် ၅၀ ကျော်နဲ့ ကျည်အိမ်တွေ ကောက်ရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၉ ရက် ညနေ ၃ နာရီအချိန်က သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက် 7 Star ဟိုတယ်ရှေ့ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးအမှိုက်ပုံမှာ မောင်ပြည့်ဖြိုးမောင်က အမှိုက်တွေ ကောက်နေတုန်း ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ကာဘိုင်ကျည်ဆန် အတောင့် ၅၀၊ ပစ္စတိုကျည်ဆန် ၅ တောင့်၊  ပစ္စတိုကျည်အိမ် ၁ ခု၊ ကျည်ကပ် ၅ ခု တို့ကို တွေ့ခဲ့ရပါတယ်။ ခလရ ၁၄၆ က ဗိုလ်ကြီး အောင်ဝေဖြိုးနဲ့ သန်လျင်မြို့မရဲစခန်းက ရဲအုပ် တင်လင်းအောင်ဦးစီးတဲ့ အဖွဲ့က သွားရောက် စစ်ဆေးကာ သန်လျင်မြို့မရဲစခန်းမှာ လတ်တလော သိမ်းဆည်းထားပြီး ကျည်ဆန်နဲ့ ပစ္စည်းတွေအားလုံး အကောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ တွေ့ရှိတဲ့ ကျည်ဆန်တွေကို အမှတ် ၁ စစ်လက်နက်ပစ္စည်းတပ်ရင်း(အင်းတိုင်) လှည်းကူးမြို့ကို အပ်နှံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- MOH

A d v e r t i s e m e n t With Us

More News
Up