A d v e r t i s e m e n t With Us

ဒါရိုက်တာ ဦးကြည်စိုးထွန်း အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့က အနားယူမည်

ဝါရင့် အနုပညာရှင်တဦးဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာ ဦးကြည်စိုးထွန်းက အကယ်ဒမီ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ကနေ အနားယူတော့မယ်လို့  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဧပြီလ ၉ ရက်က  ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့တာဖြစ်ပြီး အနားယူဖို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က ကျင်းပခဲတဲ့ ၂၀၁၈ အကယ်ဒမီဆု ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး အကဲဖြတ်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ရုပ်ရှင်ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဆုရရှိမယ်လို့ ပရိတ်သတ်က မျှော်မှန်းထားသူတွေ အကယ်ဒမီဆု မရရှိခဲ့တာကြောင့်  အကယ်ဒမီ ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင်တွေဟာ အသက်အရွယ်ကြီးရင့်နေပြီး ခေတ်မမီတော့ဘူး၊ ပြုပြင်ပြောင်းလဲရေး လုပ်သင့်တယ်ဆိုပြီး ဝေဖန်ချက်တွေလည်း  ထွက်ပေါ်ခဲ့ ပါတယ်။ အကယ်ဒမီပေးပွဲ ကျင်းပပြီးနောက်ပိုင်း ရုပ်ရှင်ရုံတွေမှာ အကယ်ဒမီဆုရှင် တချို့ ရိုက်ကူးတဲ့ကားတွေ  ပရိသတ်ကြည့်ရှုနှုန်း ကျဆင်းသွားခဲ့ပေမယ့် အကယ်ဒမီဆုမရခဲ့တဲ့ ဇာတ်ကားတချို့ ပြန်တင်ရာမှာတော့ ပရိတ်သတ်တွေက ကြည့်ရှု အားပေးနေကြပါတယ်။ ဓာတ်ပုံ- Kyi Soe Tun

A d v e r t i s e m e n t With Us

More News
Up