သီတင်းတပတ်အတွင်း ကြည့်ရှုသူ ၂၄ သန်းကျော်ရှိနေသည့် ဘောလိဝုဒ်နာမည်ကြီးရုပ်ရှင် – Kalank (နမူနာ)
Published By
DVB | 10 April, 2019
2.6K
0
Share
0
Comment
0
Likes
ထူးထူးခြားခြား ရာဇဝင်သမိုင်းနောက်ခံ အက်ရှင်ဒရာမာ အမျိုးအစား ဘောလိဝုဒ် ရုပ်ရှင်ကားတကားဖြစ်တဲ့ Kalank ကို လာမယ့် ဧပြီ ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Abhishek Varman က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
၁၉၄၀ ပြည့်လွန်ကာလဝန်းကျင် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံခွဲထွက်ချိန် ပဋိပက္ခကာလကို အခြေတည် ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီတဲ့ဘဝတွေ၊ ကိုးကွယ်ရာ ဘာသာနဲ့ ဆင်းရဲချမ်းသာ ကွာဟမှုတွေကြားက အချစ်အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းတပုဒ် အနေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဘောလိဝုဒ်စတား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Madhuri Dixit၊ Sonakshi Sinha၊ Alia Bhatt၊ Varun Dhawan စတဲ့ သရုပ်ဆောင်တွေက အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဧပြီ ၃ ရက်နေ့ကတည်းက မျှဝေထားခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုပေါ်မှာတော့ သီတင်းတပတ်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၄ သန်းကျော် ရှိနေခဲ့ပါတယ်။