Home
မြန်မာသတင်း
ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှု လေ့လာဖော်ထုတ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
DVB
·
April 10, 2019
ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားမှုတွေကို လေ့လာဖော်ထုတ်ကြဖို့ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တိုက်တွန်းပြောပါတယ်။ နေပြည်တော်မှာ ဧပြီ ၉ ရက်က ကျင်းပခဲ့တဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်နှစ်ပတ်လည်အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံ နေရာဒေသအချို့မှာ ဝက်သက်ရောဂါအစုလိုက်ဖြစ်ပွားမှုတွေကို တွေ့ရှိနေ ရပြီး ဒီလိုဖြစ်ပွားရတာဟာ ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု မရှိတာကြောင့်လား ဒါမှမဟုတ် စနစ်တကျထားသိုမှု မရှိတာကြောင့်လား စသဖြင့် ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လေ့လာဖော်ပါမှ ကာကွယ်တားဆီးရေးလုပ်ငန်းကို ပိုမိုကောင်းမွန်အော်င ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်” ဒါ့အပြင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ချိန်မှာ အခြား အာဟာရ စောင့်ရှောက်မှု၊ ကလေးကျန်းမာရေးစတဲ့ လုပ်ငန်းတွေကိုပါ တပါတည်းပေါင်းစပ် ဆောင်ရွက်ကြပါလို့လည်း ၀န်ကြီးက ပြောပါတယ်။ ဓာတ်ပုံ- MOH&S
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024