Home
မြန်မာသတင်း
သင်္ကြန် ယာဉ်မတော်တဆမှု၊ ထိခိုက် သေဆုံးမှုအတွက် ကြိုတင်ပြင်ဆင်ရန် ဒုသမ္မတ ပြော
DVB
·
April 10, 2019
လာမယ့် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိလာ နိုင်တာကို ကြိုတင် မျှော်တွေးပြင်ဆင် ဆောင်ရွက်ထားကြဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က တိုက်တွန်းလိုက်ပါတယ်။ ဧပြီ ၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “မကြာမီ မြန်မာတို့ရဲ့ ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်၊ မဟာသင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုတွေ၊ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိလာနိုင်မှာကိုလည်းကြိုတင် မျှော်တွေးပြင်ဆင် ဆောင်ရွက်ထားကြရမှာ ဖြစ်ပါတယ်။” ဒါ့အပြင် ဒုသမ္မတက အခုနှစ်မှာ ယာဉ်မတော်တဆမှုအနည်းဆုံးနဲ့ မဟာသင်္ကြန် ပွဲတော်ကြီးကို ဖြတ်သန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီတွေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးကောင်စီတွေအနေနဲ့  ပူးပေါင်းစစ်ဆေးရေး အဖွဲတွေ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပညာပေး၊ စစ်ဆေးကြပ်မတ်မှုတွေ ကို ပုံမှန်ကာလတွေ ထက် ပိုမိုတိုးမြှင့်ဆောင် ရွက်သွားကြဖို့လည်း ပြောပါတယ်။ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆမှု ၃၁၇မှု၊ ဒဏ်ရာရ ၁ဝ၆ဦးနဲ့ သေဆုံးသူ ၆၄၂ ဦး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်က ယာဉ်စီးရေ စုစုပေါင်း ၄သန်းကျော်ရှိသာရှိခဲ့ရာက အခု ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလစာရင်းအရ စုစုပေါင်း ၇သန်းခွဲလောက် အထိ နှစ်ဆနီးပါး တိုးလာခဲ့ ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024