A d v e r t i s e m e n t With Us

မြောက်ဦး ရဲတပ်ရင်း အိမ်ထောင်သည်လိုင်းခန်းကို အေအေအဖွဲ့ တိုက်ခိုက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရဲတပ်ရင်းဌာနချုပ်​ အိမ်​​ထောင်​သည်​လိုင်းခန်းကို ဧပြီလ ၉ ရက် ညက  ရက္ခိုင့်တပ်မတော် (​အေ​အေ) အဖွဲ့က လာရောက်​တိုက်​ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်​ပြု​ပြောပါတယ်​။ "မ​နေ့က ည ၁၀ နာရီ ၁၀ မိနစ်​ ​လောက်​မှာ မြောက်ဦးမြို့ပေါ်က ရဲတပ်ရင်းဌာနချုပ်​ တခုရဲ့ အိမ်​​ထောင်​သည်​လိုင်းခန်း​တွေကို အေအေက ​နေရာသုံး​နေရာက​နေ တို​က်​ခိုက်​လာတယ်​။ မနက်​ ၂ နာရီ​လောက်​မှာ အင်​အားဖြည့်ပြီး ထပ်တိုက်​ခိုက်​ခဲ့တယ်​။ မနက်​ ၅ နာရီ​လောက်​မှာ ​​အေအေအဖွဲ့က ပြန်​ဆုတ်​သွားတယ်​။ အေအေအဖွဲ့ အ​လောင်းအချိုနဲ့ လက်​နက်​​တွေကို လည်း ဖမ်းဆီးရမိတယ်​။ ကျနော်​တို့ဘက်​က ကျဆုံးတာရှိတယ်​။” ရဲမေတချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ တပ်မတော် ဘက်ကပြောပါတယ်။ “အခု ရဲမေ တ​ချို့အဖမ်းဆီးခံရတာရှိတယ်​လို့ ကြားတယ်​။ အတည်​​တော့ မပြုနိုင်​​သေးဘူး။ ကျဆုံးမှု အတိအကျကို သတင်းထုတ်​ပြန်​သွားမှာဖြစ်​တယ်​။ ​အေ​အေ ဘက်​ကလည်း အ​တော်​များများ ကျဆုံးတာရှိတယ်။ ပစ်​ကူသ​ဘောအရ ​လေ​ကြောင်းက တိုက်ခိုက်​တာရှိတယ်​" လို့​ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်​။ အခုတိုက်​ခိုက်​မှုကြောင့် ​မြောက်​ဦးမြို့ ချောင်းသစ်ကျေးရွာက ဒေါ်လှနုအသက် (၂၅ နှစ်)နဲ့ သူမရဲ့ ကလေးငယ် မမြတ်အေးခင်တို့မှာလည်း ဒဏ်ရာရရှိသွားပါတယ်။ မနေ့ ည ၁၀ နာရီလောက်က သေနတ်ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးနောက် နေအိမ်မှာ မလုံခြုံတဲ့အတွက် ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ လာရောက်ခိုလှုံနေစဉ် ကျည်ဆန် ရှပ်ထိမှန်ခဲ့တာဖြစ်ပြီး မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (​အေ​အေ)ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဗညား

A d v e r t i s e m e n t With Us

More News
Up