ဖိလစ်ပိုင်မှ ငြိမ်းချမ်းရေး တေးသံ
DVB
·
October 23, 2012
ဖိလစ်ပိုင်အစိုးရနဲ့ အကြီးဆုံးမွတ်စလင် သူပုန်အဖွဲ့ ဖြစ်တဲ့ မိုရို အစ္စလာမစ် လွတ်မြောက်ရေးတပ်ဦး (MILF) အဖွဲ့တို့ အကြားမှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ကြပါပြီ။ သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲနဲ့အတူ လူ့အသက်ပေါင်း ၁ သိန်း၂ သောင်းလောက် သေဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၄၀ ကြာ ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အချိန်ယူညှိနှိုင်းမှုတွေ လုပ်ဆောင်ရမှာတွေ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ ကက်သလစ် ခရစ်ယာန်ဘာသာကိုးကွယ်သူက အများစုဖြစ်ပါတယ်။
ငြိမ်းချမ်းရေးစာချုပ်အရ မွတ်စလင်တွေ အများစုနေထိုင်တဲ့ တောင်ပိုင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြောင်းလဲဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
မက်ဒိုနာ ဗီရိုလာက မနီလာမြို့ကနေ သတင်းဆောင်းပါးပေးပို့ထားတာကို မယုယမိုးက တင်ပြပေးထားပါတယ်။