A d v e r t i s e m e n t With Us

ရှားပါးခြင်္သေ့ဖြူနှင့် မိန်းကလေးတဦးကြား ချစ်ခြင်းမေတ္တာဘွဲ့ရုပ်ရှင် – Mia and the White Lion (နမူနာ)

ထူးထူးခြားခြား စွန့်စားမှုအသားပေး မိသားစုဒရာမာ ရုရုပ်ရှင်ကားတကားဖြစ်တဲ့ Mia and the White Lion ကို အမေရိကန်မှာ ဧပြီ ၁၂ ရက်နေ့က စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ပြင်သစ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ StudioCanal က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Gilles de Maistre က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ သိတတ်စ ကလေးအရွယ်မှာ လန်ဒန်ကနေ အာဖရိကကို ပြောင်းရွှေ့လာခဲ့ရတဲ့ မိသားစုထဲက Mia ဆိုတဲ့ သမီးငယ်လေးဟာ စရောက်ရောက်ချင်းမှာ နေသားမကျဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တရက်မှာတော့ ဖခင်ဖြစ်သူ ခရစ္စမတ်မှာ ယူလာခဲ့တဲ့ ခြင်္သေ့ဖြူ ပေါက်စလေးတကောင်ကို ချစ်ခင်သနားမိပြီး သံယောဇဉ်တွယ်လာခဲ့တယ်။ ၃ နှစ်လောက်ကြာပြီး ခြင်္သေ့ပေါက်ကလေး အရွယ်ရောက်လာချိန်မှာ သမီးဖြစ်သူအတွက် စိုးရိမ်ပြီး မိသားစုက ခွဲပစ်ဖို့ ကြိုးစားချိန်မှာ ဘာတွေဖြစ်လာမလဲ။ သမီးဖြစ်သူရဲ့ ဆန္ဒအတိုင်း ဖြစ်လာဖို့ မိသားစုကရော ဘယ်လိုကြိုးစားကြမလဲ စတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ Lion Whisperer လို့ လူသိများတဲ့ Lion Expert တယောက်ဖြစ်တဲ့ Kevin Richardson ရဲ့ အကူအညီတွေကို ယူခဲ့ပြီး သေသေချာချာ အချိန်ယူ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Mia နေရာမှာတော့ ဆယ်ကျော်သက် သရုပ်ဆောင်မင်းသမီး Daniah De Villiers က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ပြင်သစ်သရုပ်ဆောင်မင်းသမီး Mélanie Laurent၊ ဗြိတိန်သရုပ်ဆောင်မင်းသား Langley Kirkwood တို့ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ပြင်သစ်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up