ရိုမေးနီးယား ကမ်းခြေတွင် အလေးချိန် ကီလို ၁၅၀ ကျော်ရှိ ကိုကင်းထုပ်များ သောင်တင်

1.1K
ရိုမေးနီးယားနိုင်ငံ ကမ်းခြေကို အလေးချိန် ကီလို ၁၅၀ ကျော်ရှိတဲ့ ကိုကင်းထုပ်တွေ သောင်တင်လာပြီးနောက် သံသယဖြစ်ဖွယ် အထုပ်တွေတွေ့ရင် ဝေးဝေးနေကြဖို့နဲ့ အာဏာပိုင်တွေကို အကြောင်းကြားဖို့ ကမ်းခြေသွားသူတွေကို ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ကွန်စတန်တာဆိပ်ကမ်းမြို့နားက ကမ်းခြေတွေမှာ ဧပြီ ၅ ရက်နေ့က အဲဒီ ကိုကင်းထုပ်တွေ ပထမဆုံး သောင်တင်လာခဲ့ပြီး ဧပြီ ၆ ရက်နေ့မှာလည်း အလေးချိန် ကီလို ၁၃၀ ကျော်ရှိတဲ့ ကိုကင်းတွေ ထပ်တွေ့ခဲ့ပါတယ်။
အဲဒီအထုပ်တွေတွေ့ရင် ဖွင့်မကြည့်ကြဖို့ ရဲတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
၂၀၁၆ ခုနှစ်က ရိုမေးနီးယားနိုင်ငံ ကွန်စတန်တာမြို့မှာ ကိုလံဘီယာနိုင်ငံက ရောက်လာတဲ့ ငှက်ပျောသီး ကုန်သေတ္တာတွေထဲမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆၇၅ သန်း တန်ဖိုးရှိတဲ့ ကိုကင်း အလေးချိန် ၂ တန်ခွဲ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒါဟာ ရိုမေးနီးယားနိုင်ငံမှာ သိမ်းဆည်းရမိတဲ့ အများဆုံး ကိုကင်းပမာဏအဖြစ် စံချိန်တင်ခဲ့ပါတယ်။