ချဲလ်ဆီးကွင်းလယ်လူ ဒရင့်ခ်ဝါးတား အရက်သောက် ကားမောင်းမှု သံသယဖြင့် ဖမ်းဆီးခံရ

1.4K
ချဲလ်ဆီး ကွင်းလယ်ကစားသမား ဒရင့်ခ်ဝါးတားဟာ တနင်္လာနေ့မနက်က ပါတီကအပြန် အရက်သောက်ပြီး ကားမောင်းခဲ့ကြောင်း သံသယရှိခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒရင့်ခ်ဝါးတား မောင်းနှင်လာတဲ့ ရိမ့်ခ်ျရိုဗာကားဟာ စကိုဒါအမျိုးအစားကားကို ဝင်တိုက်မိခဲ့ပြီး မောင်းနှင်လာတဲ့ ဒရင့်ခ်ဝါးတားနဲ့ ကားပေါ်မှာပါလာတဲ့ သူ့ရဲ့ရှေ့နေတို့ဟာ အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စကိုဒါကား မောင်းနှင်သူ အန်မာဘရောင်းလို့ခေါ်တဲ့ အမျိုးသမီးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မတော်တဆမှုဖြစ်တဲ့ နေရာကတော့ ဒရင့်ခ်ဝါးတားရဲ့ နေအိမ်နဲ့ ၆ မိုင်လောက် ကွာဝေးသေးပြီး သူတို့နှစ်ဦးစလုံးဟာ မန်ချက်စတာမြို့မှာ ပြုလုပ်တဲ့ ပရဟိတပွဲတပွဲကနေ ပြန်လာခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးသတင်းတွေအရ အဲဒီ ချဲလ်ဆီးကစားသမားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး မကြာခင်မှာ အချက်အလက်နဲ့တကွ ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်း သိရပါတယ်။